ဖြစ်ကောင်းဖြစ်နိုင်တယ်.
အမှတ်စဉ်တတ်မီးခိုးငွေ.တွေနဲ.အတူ
သက်ပျင်းတွေတန်းစီ
ရင်ဘတ်ထဲကမြစ်ကပြောင်းပြန်စီး..
အနာဂတ်ကိုလှမ်းမျှော်ရင်း
ငါ့ပစ်စုပ်ပန် တွေနောက်ကျလို.လေ
နောက်ပြန်လျှောက်သွားတဲ့ ဦးနှောက်က
နှလုံးသားထဲကခံစားချက်ကိုထွေးပွေ.
ငါ တိတ်တိတ်လေးနေချင်တယ်...
အတွေးလွန်တာလဲဖြစ်ကောင်းဖြစ်နိုင်ရဲ.
တစ်စ စီရှုပ်ပွတဲ့အတွေးတွေ..
စာရွက်ပေါ်စုစည်း
ငါတိုးတိုးလေးညည်းမိတယ်
(ငါရည်ရွယ်သလိုဖြစ်ရ ပါစေသား အရှင်ဘုရား)
တခါတခါတော့လည်းတွေးမိတယ်..
အတ်တ ကိုရှေ.တန်းတင်
လိုသလိုကြိုးစားနေရမဲ့အစား
ခံစစ်ကိုကိုယ်တိုင်ဖောက်
ကို.ဘာသာခြေစုံကန်
တယူသန်တဲ့ဝါဒ
ငါ့ခန်ဓါထဲ ဘယ်တုန်းကစီးဝင်သွားပါလိမ့်
မသိလိုက်မသိဘာသာဆိုပေမယ့်
ညိလိုက်တဲ့ဆူး
ထိလိုက်တာကိုတော့
ငါ မာယာတွေသုံး
ဟန်ဆောင်ဖုံးထားဖို.
ဖြစ်ကောဖြစ်နိုင်ပါသေးလား
မဆုံချင်ဘူးလို.မထင်လိုက်ပါနဲ.
မကြုံချင်တာ..
မယုံချင်တာ..
မလုံချင်တာ လေ..
ငါ့သက်ပျင်းမောတွေ
ငါ့နွမ်းလျလျ စိတ်တွေ..
မရေရာချင်းအသိတွေ...
အဆိုးဆုံးခံစားချက်ကိုပဲ
ငါခင်တွယ်ပါရစေ
ငါပိုင်ဆိုင်ပါရစေ
မိတ်တူလိုပွားမယူလိုက်ပါနဲ့
( ဒါလေးပဲကျန်တာပါ)
အပြည့်စုံဆုံးလို.လဲထင်နိုင်တယ်
မပြည့်စုံဘူးလို.လဲထင်နိုင်တယ်
မင်းအတွက်တော့
အဲဒီ အချစ်မှတပါး အခြားမရှိ
ကျောချင်းကပ်အနေနဲ.တောင်
လှည့်ဖို.မဖြစ်နိုင်သေးရင်
ကဘာကိုတစ်ပတ်ပတ်
ဟိုတစ်ဘက်အီကွေတာမှာ
ယူဇနာတွေ မခြားစေရပါဘူး ဆိုတာကို ဆိုတာကို ဆိုတာကို
ငါ သတ်တိနည်းတာလဲ ဖြစ်ကောင်းဖြစ်နိုင်တယ်
ငါ နားလည်မှု မရှိတာလဲ ဖြစ်ကောင်းဖြစ်နိုင်တယ်
ဘာပဲဖြစ်ဖြစ်လေ...
ပေါက်လက်စနဖူး ဘာများထူးဦးမလဲ
ခပ်ရူးရူး ခပ်မိုက်မိုက်
ငါမျှော်လင့်လိုက်ပါမယ်..
ပိုခံစား ရ တာတွေပြောပြောပြီး
မပြိုင်ပါနဲ.တော့
နိုင်တယ် နိုင်တယ် နဲ.
ရှုံးရတဲ့ဘ၀ မုန်းလှပြီကော..
တစ်ရက်ဆိုတာ ဒီလောက်ခက်ရင်
ရာချီတဲ့ ရက်တွေကြား
သွက်သွက်ခါမဟုတ်ရင်တောင်
ယဉ်ယဉ်လေးတော့ဖြစ်လောက်တယ်ကွာ
ခုကြည့်လေ..
ငါချစ်တဲ့မောင်ပန်းမွှေးကဗျာတွေ
ခဏလေးအဖြစ်နဲ့
ရိပ်မူးလို.တောင်မရဘူး
စိတ်ကူးလို.တောင်မရဘူး
လောလောဆယ်တော့
ပေသီးလိုပေါက်နေတဲ့ ရင်တစ်ခုကြောင့်
ထွက်သက်ပြင်းပြင်းမှာ
ရမ်းနံ.တွေပါနေလောက်ပါရဲ.
ခြေရာတော့မကောက်လိုက်ပါနဲ.
(ငါ အကာအကွယ်မဲ့နေလို.ပါ)
လေညှာကမင်းကိုတော့အားနာပါရဲ.
ဝေဒနာရဲ.ပြတင်းဆိုတာ မသိချင်ပါနဲ.တော့
ကံကြမ်မာရဲ. အဆင်းလို.ပဲမြင်လိုက်ပါ
ကဗျာအတွက်တော့နှမြောမိပါရဲ.
(ရေးသူအနေနဲ.)
ခံစားနိုင်မှာလဲ မင်းတစ်ယောက်ထဲ
ငါကလဲ
ရေးရုံသက်သက်ရောင့်ရဲ
(တခြားလူတွေအတွက်)
ပုံပြင်လိုပဲ လျှောက်လဲရတော့မှာကိုး..
မယောင်ရာဆီလူးတာ လဲ ဖြစ်ကောင်းဖြစ်နိုင်တယ်.
.....ဖြစ်ကောင်းဖြစ်နိုင်တယ်......
ချစ်သူပေးသော ကဗျာတစ်ပုဒ်
Subscribe to:
Post Comments (Atom)
1 comments:
Interesting to know.
Post a Comment