ကျွန်မတို့ ဘ၀ခရီးကိုလျှောက်နေတဲ့အချိန်တွေမှာ တစ်ခါတစ်ခါ
အရမ်းကို စိတ်ဓါတ်ကျတဲ့ အချိန်တွေ ရှိခဲ့ကြပါတယ်…..
သူအရမ်းစိတ်ဓါတ်ကျ နေတုန်းက ကျွန်မတတ်နိုင်သလောက် အားပေးခဲ့တုန်းကပေါ့…..
သူကျေးဇူးတင်ပြီးရေးခဲ့တဲ့ ကဗျာလေးပါ………….
ကျွန်မတို့ရဲ့ မှတ်တိုင်လေးတစ်ခုပေါ့လေ………………………..
Microsoft ရဲ့ Visual ခံတပ်
Sun Micorsystem ရဲ့ Java weapon တို့တိုက်ပွဲ
ငါဘယ်ဘက်က မှမနွှဲနိုင်
Logic Gate Level ကငါ့စိတ်ဓါတ်တွေ
တစ်ခါတစ်ခါ Programmer ကွဆိုပြီးဆွဲဆွဲတင်
ဒါပေမယ့်
မင်းအတွက်တော့ Abosolute Observant Computer မလို
ငါ့ရဲ့အတွင်းစိတ် Compiler က
Artifical မဟုတ်တဲ့ အချစ် Coding ဟာ
Documented မဟုတ်ခဲ့ရင်တောင်
နားလည်မှု Addressing တွေနဲ့
Error တွေ အရေးမလုပ်နဲ့လေ
မင်းရဲ့ နားလည်မှု Looping
နှစ်သိမ့်မှု Procedure ထဲ
အစုန်အဆန် မျောလို့
ဘဝကြီး Restart မကျခင်အထိ
ငါ Virus လိုကပ်နေချင်ရဲ့…………………………..
ကျွန်မတို့ရဲ့ မှတ်တိုင်လေးတစ်ခု
Subscribe to:
Comments (Atom)